All Human Remember for this Case...........

View previous topic View next topic Go down

All Human Remember for this Case...........

Post  nsgb on Fri Feb 18, 2011 4:48 am

*ညအခါ
လသာသာ
ရေနစ်သေမလား
ငတ်သေမလား။"


*တစ်၊နှစ် =ကိုနာဂစ်
သုံး၊လေး =လွတ်အောင်ပြေး
ငါး၊ခြောက် =ရေထဲရောက်
ခုနှစ်၊ရှစ် =မသာဖြစ်
ကိုး၊တစ်ဆယ်= ၀ဋ်ကျွတ်တယ်။"


*ဘယ်ကလာသလဲ။
ဘယ်နယ်ကလဲ။
အလယ်ကလူ
အသားဖြူ၏။
ခင်ဗျားအလှူ
တစ်ပြားမရှုရ ။"


*အစားအစာ
ဝါးစားပါ။
အသားပါသလား။
ငါးပါသလား။
ဘီစကစ်ပါသလား။
ဘာပဲပါပါ ထားခဲ့ပါ။"


*ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်
အမိုးအကာ မဲ့နေတဲ့
မနှင်းတို့အိမ်။"

*ဖိုးရွှေကြီး ဖိုးရွှေကြီး
အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
ဖိုးရွှေကြီးက မိုက်တိုင်ထူ
ခွေးအ ကြီးနဲ့တူ
တူပါသကွဲ့ မယုံငြား
ဒီမှာကြည့်ပါလား။"

*တနင်္ဂနွေ၊ တနင်းလာ
ဗိုက်မှောက် မျှော်နေတာ
အဂါၤ၊ ဗုဒၶဟူး
ရောက်လု တစ်ဦးဦး
ကြာသပတေး၊ သောကြာ
တစ်ယောက်မှ ပေါ်မလာ
စနေမှာ သေချာသွား
ဘယ်သူမှ မလာအား။"


*ရွာနံဘေးက ချောင်းကလေး
ဖောင်မျောလာသည်။
သားတို့လည်း မျောလာသည်။
မည်သူမျှ မဆယ်ကြ။"
….ဟင့်…ဟီး..အီး..


*အလောင်းလေးများ ဖွေးလို့စီ
မြစ်ညှာရိုး တလျှောက်ဆီ
ရေပေါ်မှာ ဗိုက်ကြီးဖောင်း
ငါတို့ ပူစီပေါင်း။


*မြစ်ဝကျွန်းပေါ်အနီး
အကြီးစားမုန်တိုင်း ၀င်နိုင်သည်။
ဝေးလွန်း၍ မပြောနိုင်ဘူးလား။
အချိန်မှီပြေးလျှင် လွတ်နိုင်ပါသည်။


သူငယ်ချင်းအားလုံးဘဲ ရင်မောရင်းနဲ့ ဘ၀အမောတွေပြေကြပါစေ...။

nsgb
အသင်းဝင်
အသင်းဝင်

Posts : 14
Join date : 2010-11-28
Age : 32
Location : Plang Penang,MAILAYSIA

View user profile http://www.nsgb-htoo.blogspot.com/

Back to top Go down

View previous topic View next topic Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum